• Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ
  • Myanmar E-Books များ ...
  • For Desktop Live Wallpaper and Screen saver
  • For Websites
  • GPS ,GPRS ,AGPS ခြားနားမှုများ ...

Monday, September 12, 2011

Windows 7 ကိုကိုယ်တိုင်တင်ကြရအောင်




ကျွန်တော်ဒီတစ်ရက်နှစ်ရက်ကို စားရေးတဲ့ဘက်ကို ပြန်လှည့်လိုက်ပါအုံးမယ်..တောင်းထားတာမေးထားလေး
တွေကို ချက်ချင်း Reply မလုပ်နိုင်သေးဘူးဆိုရင်လဲနားလည်ပေးပါအုံးလို့ပဲ အရင်ဆုံးတောင်းဆိုပါရစေခင်ဗျာ.
ကျွန်တော်တို့ ကွန်ပျူတာကို အသုံးပြုသူတိုင်း သိထားတက်ထား သင့်တာတစ်ခုရှိပါတယ်..အဲ့ဒါဘာလဲဆိုတော့
မိမိရဲ့ ကွန်ပျူတာကို မိမိကိုယ်တိုင် Windows တင်တက်ဖို့ဆိုတာဟာ ကွန်ပျူတာတစ်လုံးကို လက်ဝယ်မှာကိုင်
ပြီးတော့သုံးနေတဲ့ သူတိုင်းအတွက်လိုအပ်တာ အမှန်ပါပဲ..ဒါကကျွန်တော်က ယေဘူယျအားဖြင့် ပြောပြတာပါ
ကွန်ပျူတာ ကိုကိုင်တွယ်အသုံး ပြုနေရတဲ့သူတိုင်း အတွက် Windows တင်တာလောက်ကိုတော့သိထားသင့်
တာအမှန်ပါပဲ..ဒီနေရာမှာ ကျွန်တော်တစ်ခု ကြိုပြီးတော့ပြောချင်တာက ဘယ်ကိစ္စကိုမဆို မလုပ်ခင်ထဲကအဆိုး
ဘက်ကိုကြို ပြီးတော့တွေးမထားစေချင်ပါဘူး..သူတောင်လုပ်လို့ အဆင်ပြေရင်ကိုယ်လဲ လုပ်လို့အဆင်ပြေရမှာ
ပဲဆိုတဲ့အသိလေးတော့ လူတိုင်းရှိစေချင်ပါတယ်..ကျွန်တော်အခု Windows တစ်တစ်ခုကို မိမိတို့ကိုယ်တိုင်အ
လွယ်တကူ တင်တက်သွားအောင် အပိုင်း ( ၃ ) ပိုင်းနဲ့ရှင်းပြပေးသွားပါမယ်..ကျွန်တော်အခုပို့စ်လေးမှာတော့
Windows 7 တင်နည်းကိုအခြေခံပြီးရေးပေးသွားပါမယ်..ကျွန်တော်

၁.Windows မတင်ခင်ဘာတွေလုပ်သင့်လဲ ?
၂.Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?
၃.Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?  ဆိုပြီးအပိုင်းသုံးပိုင်းခွဲပြီးရေးပေးသွားပါမယ်..


Windows  မတင်ခင်ဘာတွေလုပ်သင့်လဲ ?

ကျွန်တော်တို့ Windows တစ်ခုမတင်ခင်အရင်ဆုံး ဘာတွေလုပ်သင့်လဲဆိုတာကို ကျွန်တော်အခုပြောတဲ့နည်း
အတိုင်း လိုက်လုပ်ပါလို့ မဆိုလိုပါဘူး ..မိမိတို့စိတ်ကြိုက် လုပ်နိုင်ပါတယ်.ကျွန်တော်က အဆင်ပြေမယ်ထင်တဲ့
နည်းလမ်းလေးတွေကို ပြန်ပြီးတော့ မျှဝေပေးခြင်းသာဖြစ်ပါတယ်..Windows တစ်ခုတင်တော့မယ်ဆိုရင်အရင်
ဆုံးသိထားသင့်တာက မိမိတို့မှာ Windows CD ခွေတစ်ခွေမဖြစ်မနေလိုအပ်ပါတယ်..Windows ခွေမရှိသေးတဲ့
သူတွေကတော့ အောက်ကလင့်မှာ ကိုနေမင်းမောင် တင်ပေးထားတဲ့ Windows 7 Selections များမှာသွားပြီး
ဒေါင်းလော့ချလိုက်ပါ..မိမိတို့စိတ်ကြိုက် Windows အမျိုးအစားကိုရွေးချယ်ပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ



Windows ISO ခွေကိုဒေါင်းလော့ချ ပြီးပြီဆိုရင်တော့ မိမိတို့ ဒေါင်းလော့ချထားတဲ့ ISO ဖိုင်ကို Ultra ISO ကိုအ
သုံးပြုပြီး CD / DVD နဲ့ဘယ်လိုပြန်ပြီးတော့ Burn ရမယ်ဆိုတာကိုတော့အောက်ကလင့်မှာ ရှင်းပြပေးထားတာ
ရှိပါတယ်..

ဒီလင့်ကနေသွားကြည့်လိုက်ပါ 

နောက်တစ်ချက်က  Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ မိမိတို့ရဲ့ Destop ပေါ်မှာရှိတဲ့ ဖိုင်တွေ ၊ ပုံတွေ
Shortcut တွေ ၊ပြီးရင် Libraries ထဲမှာရှိတဲ့ Documents ထဲက Google Talk Received Files ထဲမှာရှိတဲ့
တဲ့ဖိုင်တွေ ၊ ပြီးရင် Favorites ရဲ့ Download ထဲမှာရှိတဲ့ မိမိတို့ဒေါင်းလော့ချထားပြီးသီးသန့်သိမ်းမထားတဲ့ဖိုင်
တွေ ၊ ပုံတွေ ၊ Movie တွေ အကုန်လုံး Windows အသစ်တင်လိုက်ပြီဆိုတာနဲ့ အကုန်လုံးပျောက်သွားမှာဖြစ်ပါ
တယ်..မိမိတို့အနေနဲ့ Windows တစ်ခုတင်တော့မယ်ဆိုရင် မိမိတို့အသုံးလိုတဲ့ ဖိုင်တွေသိမ်းပြီးမပြီး စစ်ပေးဖို့လို
ပါလိမ့်မယ်..






နောက်တစ်ချက်ကတော့ Windows တစ်ခုမတင်ခင် အရင်ဆုံးမိမိတို့ ရဲ့ကွန်ပျူတာမှာဝင်ဒိုးတင်ပြီးရင်တင်ဖို့
လိုမဲ့ Application Software တွေကို တစ်စုတစ်စည်းထဲသိမ်းဆည်း ထားဖို့လိုပါလိမ့်မယ်..Windows တင်ပြီးမှ
လိုအပ်တဲ့ ဆော့ဝဲလ်တွေလိုက်ရှာနေတာထက် အရင်ဆုံး လိုအပ်တာတွေကိုစုပြီး တစ်စုတစ်စည်းထည်းသိမ်းပြီး
ထားတာကပိုပြီး အဆင်ပြေပါလိမ့်မယ်..ကျွန်တော်အခုအောက်မှာ Windows တင်ပြီးရင် အဓိကလိုအပ်မဲ့ဆော့
ဝဲလ်တွေကိုတင်ပေးထားပါတယ်…မိမိတို့ရဲ့ကွန်ပျူတာမှာ မရှိသေးဘူးဆိုရင်အရင်ဆုံး ဒေါင်းလော့ချပြီး ဖိုဒါတစ်
ခုနဲ့သိမ်းထားလိုက်ပါ ဒါဆိုရင် Windows တင်ပြီးတဲ့အခါ အလွယ်တကူရှာဖွေ ပြီးအသုံးပြုနိုင်မှာဖြစ်ပါတယ်..
အချိန်ကုန်မြန်တာပေါ့ဗျာ..

Zawgyi-One and Unicode Font

Zawgyi-One and Unicode Font ကိုဒီအောက်ကလင့်မှာ Install လုပ်နည်းနဲ့ပါတင်ပေးထားပါတယ်..

ဒီလင့်ကနေသွားလိုက်ပါ..


Adoble Reader 




ဒီကောင်ကတော့ ကျွန်တော်တို့ PDF File နဲ့ရေးထားတဲ့ E-Book တွေကိုအလွယ်တကူဖတ်ရှုနိုင်ဖို့အသုံး
ပြုပါတယ်..

Download Adoble Reader


Adoble Flash Player




ဒီကောင်ကတော့ ကျွန်တော်တို့ U-Tube မှာတင်ထားတဲ့ Video File တွေ Flash File တွေကိုအလွယ်တကူ
ကြည့်နိုင်ဖို့အတွက်လိုအပ်ပါတယ်..


Download  Adoble Flash Player


Adobe AIR 2.7.1



 


Download  Adoble Air

Adoble Shockwave Player


 

 Download  Adoble Shockwave Player

Players 


Video File တွေ Mp 3 ဖိုင်တွေကိုဖွင့်ဖို့အတွက်လိုအပ်တဲ့ Player တွေကိုတော့အောက်မှာတင်ပေးထားပါ
တယ်..မိမိတို့လိုအပ်တာကို ရွေးပြီးတော့ဒေါင်းလော့ချသွားလိုက်ပါ..


JetAudio Download 


Gom Player and Skin Download 

VLC Media Player Download
  
windows media player Download

RealPlayer Portable Download

 

WinRAR 

ကျွန်တော် လိုအပ်တဲ့ဆော့ဝဲတွေပဲဖြစ်ဖြစ် စာအုပ်တွေကိုပဲဖြစ်ဖြစ် Internet ပေါ်ကနေဒေါင်းလော့ချတဲ့အခါ
အများစုကို WinRAR သုံးပြီးတော့ချုပ်ထားတာများပါတယ်..ဒါကြောင် winrar ဖိုင်တွေကိုအလွယ်တူဖြည်နိုင်
ဖို့အတွက် Winrar မိမိတို့ရဲ့စက်မှာရှိထားသင့်ပါတယ်..

WinRAR Download


Browser

ကျွန်တော်တို့မိမိတို့ ကြည့်ချင်တဲ့ Website တွေကိုအလွယ်တကူကြည့်နိုင်ဖို့အတွက် Browser တွေကို
အသုံးပြုပါတယ်..


Firefox  Download

Chrome Download


Chat 

 အင်တာနက်ပေါ်မှာ မိတ်ဆွေသူငယ်ချင်းများ မိသားစုများ တစ်ဦးနှင့်တစ်ဦး နေရာဒေသဝေးကွာနေသော်
လည်းအလွယ်တကူ ဆုံးတွေနိုင်ဖို့အတွက် G-talk , Vzo ,Skype တို့ကိုအသုံးပြုကြပါတယ်..ကျွန်တော်လိုအပ်
တဲ့သူတွေအတွက်အောက်မှာစုပြီးတင်ပေးထားပါတယ်..


G-talk Download

vzoChat  Download 


Skype Download

နောက်တစ်ခုကတော့ Firefox အသုံးပြုတဲ့သူတွေအတွက် Firefox Bookmark  မှာမိမိတို့ မှတ်သားထားတဲ့
လင့်တွေပျောက်မသွားအောင် ဘယ်လို Backup လုပ်ရမယ်ဆိုတာကိုတော့ အောက်ကလင့်ကျွန်တော်ရှင်းပြ
ပေးထားတာရှိပါတယ်..

ဒီလင့်ကနေသွားပြီးကြည့်လိုက်ပါ.. 

နောက်တစ်ချက်ကတော့  Windows တင်မဲ့ Partation ကိုအရင်ဆုံး မှတ်ထားပေးဖို့လိုပါလိမ့်မယ်..ဘာလို့လဲ
ဆိုတော့ ကျွန်တော်ကြုံ ဖူးလို့ပါ။ Windows တင်လာလိုက်တာ မိမိတို့ Windows တင်မဲ့ Partation ကို Format
ရိုက်ခါနီးကျမှဘယ် Partation ကို Format ချရမှန်းမသိလို့အစကနေပြန်ပြီးတော့ တင်ရတာမျိုးရှိလို့ပါ.ဒါကြောင့်
Windows မတင်ခင် မိမိတို့ Format ရိုက်မဲ့ Partation ရဲ့ Disc Space ကိုမှတ်ထားလိုက်ပါ..ဒါဆိုရင် Format
ချတော့မယ် ဆိုရင်မိမိတို့ Format ချချင်တဲ့ Partation ကိုအလွယ်တကူရွေးချယ်ပေးနိုင်မှာဖြစ်ပါတယ်..




Windows တစ်ခုကိုဘယ်လို Install လုပ်မလဲ ?


အပေါ်ကအတိုင်းပြင်ဆင်ပြီးပြီ ဆိုရင်တော့ Windows 7 ကိုအလွယ်တကူတင်တက်သွားအောင် Windows

တင်နည်းအဆင့်ဆင့်ကို အောက်မှာပုံလေးတွေနဲ့ ဆက်ပြီးရှင်းပြပေးထားပါတယ်..



Windows XP နဲ့ Windows Vista တင်နည်းစာအုပ်တွေကိုလဲအောက်ကလင့်တွေမှာတင်ပေးထားတာရှိ

ပါတယ်..လိုအပ်တဲ့သူတွေကတော့အောက်ကလင့်တွေမှာသွားပြီးဒေါင်းလော့ချလိုက်ပါ..






ကျွန်တော် Bios ထဲက Advanced  Bios Setting ကိုသွားပြီး  Boot Setting ကိုကြေငြာပေးဖို့လိုပါတယ်.



First boot device = CD ROM

Second boot device=Hard Disk
Third boot device=Disable



ဆိုပြီးကြေငြာပေးထားဖို့လိုအပ်ပါတယ်..ဒါမှသာ Computer စဖွင့်ဖွင့်ခြင်း Post လုပ်ငန်းစဉ်ပြီးလို့ Bios ကိုစစ်

တဲ့အခါမှာ First Boot က CD ROM လို့ကြေငြာပေးထားတဲ့ အတွက် CD ROM ကအလုပ်လုပ်ပါလိမ့်မယ်..

အခုလိုမကြေငြာပေးဘူးဆိုရင် CD ROM က Windows ခွေကိုမဖတ်ပဲ အရင် Windows ပြန်တက်လာပါလိမ့်

မယ်..Boot Setting ကိုဘယ်လိုကြေငြာပေးရမလဲ ဆိုတာကိုတော့ကျွန်တော်အောက်မှာရှင်းပြပေးထားပါ

တယ်..



အရင်ဆုံး မိမိတို့ကွန်ပျူတာကို Restart ချလိုက်ပါ..Windows ပြန်တက်မလာခင် Key Board မှ Delete Key 

ဆက်တိုက်နှိပ်ထားလိုက်ပါ..ဒါဆိုရင်ကျွန်တော်တို့ BIOS ထဲကိုရောက်သွားပါလိမ့်မယ်..အောက်မှာပုံနဲ့

တော့ပြပေးထားပါတယ်..Mother Board တစ်ခုနဲ့တစ်ခု တူမှာမဟုတ်တဲ့ Bios Setting ပုံစံချင်းလဲတူမှာမဟုတ်

ပါဘူး..အောက်ကပုံမှာပြထားတာနဲ့မတူရင်တောင် ပြောထားတဲ့အဆင်အတိုင်းသွားပြီးလုပ်ကြည့်လိုက်ပါ..



BIOS Setting ထဲကိုရောက်ပြီဆိုရင် အရင်ဆုံး  Advanced  Bios Setting ကိုဝင်လိုက်ပါ..ပြီးရင်အပေါ်မှာပြော

ခဲ့သလိုပဲ



First boot device = CD ROM

Second boot device=Hard Disk


Third boot device=Disable                  ကိုပြောင်းပေးလိုက်ပါ..ပြီးရင် Key Board မှ F10  ကိုနှိပ်ပြီး



Save လိုက်ပါ.. ပြီးရင်ကွန်ပျူတာကို Restart ချပေးလိုက်ပါ..








ကျွန်တော်တို့ Windows 7 ကိုစပြီး Install လုပ်ပါတော့မယ်..အရင်ဆုံး Windows ခွေကိုထည့်လိုက်ပါ..ပြီးရင်
မိမိတို့ကွန်ပျူတာကို Restart ချပေးလိုက်ပါ..ပြီးရင်ဆက်လုပ်ရမဲ့အဆင့်တွေကိုတော့အောက်မှာပုံလေးတွေ
နဲ့ဆက်ရှင်းပြပေးထားပါတယ်..

( ၁ ) အောက်ကပုံအတိုင်း ပေါ်လာပြီဆိုရင် Keyboard မှာကီးတစ်ခုခုကိုနှိပ်လိုက်ပါ..



( ၂ )



( ၃ )



( ၄ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် မိမိတို့စိတ်ကြိုက် Language ကိုရွေးပေးလို့ရပါတယ်..English ပဲ
ရွေးမယ်ဆိုရင် Next ကိုဆက်ပြီးပေးလိုက်ယုံပါပဲ..



( ၅ )



( ၆ )



( ၇ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင် I accept the licnense terms ကို အမှန်ခြစ်ပေးပြီး Next ကိုဆက်ပြီး
သွားလိုက်ပါ..



( ၈ ) အောက်ကပုံမှာ Upgrade နဲ့ Custom ဆိုပြီးရွေးခိုင်းထားတာရှိပါတယ်..Upgrade ဆိုတာကတော့ကျွန်
တော်တို့ အနေနဲ့ အနိမ့်ကနေ အမြင့်ကိုပြောင်းပြီးလုပ်မယ့်သဘောကိုရွေးခိုင်းတာပါ.ဥပမာ - မိမိတို့
လက်ရှိသုံးနေတဲ့ Windows Vista ကနေ Windows 7 ကိုပြောင်းပြီးတော့ သုံချင်တယ်ဆိုရင်ရွေးပေးဖို့
လိုပါတယ်..ကျွန်တော်တို့က Windows အသစ်တင်မှာဖြစ်တဲ့အတွက် Custom ကိုရွေးပေးလိုက်ပါ..



( ၉ ) အောက်ကပုံမှာ ပြထားတဲ့အဆင့်ကိုရောက်ရင်တော့နည်းနည်းသတိထားစေချင်ပါတယ်..တကယ်
လို့ ကျွန်တော်တို့က Partation ကိုမှားပြီး Format ရိုက်ပြီး Windows တင်မိပြီဆိုရင် Format ရိုက်လိုက်
တဲ့ Partation ထဲမှာရှိတဲ့ Data တွေအားလုံးဆုံးရှုံးမှာဖြစ်ပြီး အရင်တင်ထားတဲ့ Windows ကလဲတစ်ခြား
Partation တစ်ခုမှာရှိနေမှာဖြစ်တဲ့အတွက် Windows နှစ်ခုတင်မိသွားပါလိမ့်မယ်..ဒါကြောင့်ကျွန်တော်
ကအပေါ်မှာထဲက မိမိတို့ Format ချမဲ့ Disc Space ကိုမှတ်ထားခိုင်းတာဖြစ်ပါတယ်..



( ၁၀ ) အောက်ကပုံအတိုင်း မိမိတို့ Windows Setup ဖိုင်ကိုထားမဲ့ Partation ကိုရွေးလိုက်ပါ။
ဥပမာ - ကျွန်တော်တို့က Partation 2 ကို Format ချမယ်ဆိုရင် Partation 2 ကိုရွေးလိုက်ပါ..ပြီးရင်ပုံ
မှာပြထားတဲ့အတိုင်း  Drive options ( advanced ) ကိုကလစ်ပေးလိုက်ပါ..။



( ၁၁ ) ပြီးရင်အောက်ကပုံအတိုင်း Format ကိုကလစ်ပြီး Format ရိုက်ပေးလိုက်ပါ..ပြီးရင် Next ပေးလိုက်ပါ..




( ၁၂ )  အောက်ပုံအတိုင်း ဖိုင်တွေကိုဖျက်မှာလားလို့မေးပါလိမ့်မယ်.. OK ပေးလိုက်ပါ..ပြီးရင်အောက်မှာပြ
ထားတဲ့ ပုံတွေအတိုင်းပဲ ဆက်လုပ်သွားပါလိမ့်မယ်..



( ၁၃ )



( ၁၄ ) အောက်ကပုံအတိုင်း ၆ စက္ကန့်စောင့်ပြီးတာနဲ့ Restart ကျသွားပါလိမ့်မယ်..ပြီးရင် Windows တက်လာ
ပါလိမ့်မယ်..



( ၁၅ )



( ၁၆ )



( ၁၇ )



( ၁၈ ) အောက်ကပုံအတိုင်းပေါ်လာပြီဆိုရင်တော့  Type a user name နေရမှာမိမိတို့ ကွန်ပျူတာရဲ့အမည်
ကို မိမိတို့ထားချင်တဲ့နာမည်ကိုရိုက်ထည့်ပေးလိုက်ပါ..ပြီးရင် Next ကိုသွားလိုက်ပါ..



( ၁၉ ) အောက်ကအဆင့်ကိုရောက် ပြီဆိုရင်တော့ ကျွန်တော်တို့က Password ပေးခဲ့လိုက်ရင်တကယ်လို့
မိမိတို့ ကကွန်ပျူတာကို Restart ချပြီးလို့ပြန်ဝင်တဲ့အခါမှာ Administrator Password အဖြစ်အခုပေး
ထားတဲ့ Password ကိုပြန်ရိုက်ထည့်ပေးဖို့လိုပါလိမ့်မယ်..Password မပေးခဲ့ပဲ Next ပေးလိုက်ရင်လဲ
ရပါတယ်..နောက်မှ Control Panel >>  User account  ans family safety ထဲက User Account မှာသွား
ပြီးပေးရင်လဲရပါတယ်..



( ၂၀ ) Product Key  နေရာမှာတော့ ကျွန်တော်တို့က ပြန်ဘမ်းထားတဲ့အခွေကိုသုံးမှာဖြစ်တဲ့အတွက်အကုန်
လုံးပြီးတော့မှ Windows Active ဖြစ်ဖို့အတွက် Windows Loader တစ်ခုခုသုံးလိုက်ရင်အဆင်ပြေသွား
ပါလိမ့်မယ်..Genuine Windows 7 DVD ၀ယ်သုံးတဲ့သူတွေကတော့ Genuine Windows 7 DVD မှာပါ
လာတဲ့ Product Key ကိုထည့်ပေးလိုက်ပါ.. Product Key မရှိတဲ့သူတွေကလဲ Automatically activate
Windows when  I'm online ကို အမှန်ခြစ်ပေးပြီး Next ကိုပေးလိုက်ပါ..



( ၂၁ ) အင်တာနက်နဲ့သုံးတဲ့ သူတွေအတွက်တော့ မိမိတို့ရဲ့ Windows ကိုအမြဲတမ်း Update လုပ်ပေးနိုင်ရင်
ပိုပြီးတော့ကောင်းပါတယ်..  Use recommended setting ကိုရွေးပြီးသုံးရင်တော့ ပိုပြီးကောင်းပါတယ်..
အင်တာနက်မရတဲ့သူတွေကတော့  Ask me later  ကိုသာရွေးလိုက်ပါ..



( ၂၂ ) မိမိတို့လက်ရှိ ရောက်ရှိနေတဲ့နေရာရဲ့အချိန်ကိုရွေးလိုက်ရင်တော့ ပိုပြီးတော့ကောင်းပါတယ်..ဒီမှာ
ရွေးပေးခဲ့တဲ့ အချိန်ကကျွန်တော်တို့ကွန်ပျူတာ မှာပြပေးနေမှာဖြစ်ပါတယ်..



( ၂၃ ) ဒီအဆင့်မှာတော့ မိမိတို့အသုံးပြုမဲ့ Network ကိုရွေးပေးလိုက်ပါ..မိမိတို့လက်ရှိသုံးနေတဲ့ Network အ
မျိုးအစားကိုလိုက်ပြီး ရွေးပေးလိုက်ယုံပါပဲ..အင်တာနက်မရှိတဲ့ ကွန်ပျူတာတွေကတော့ Network
တစ်ခုခုကိုရွေးပေးလိုက်ပါ..



( ၂၄ )



( ၂၅ )



( ၂၆ ) ဒါဆိုရင်တော့ Windows 7 Installation လုပ်ခြင်းပြီးဆုံးသွားပြီဖြစ်ပါတယ်..




Windows တင်ပြီးရင်ဘာတွေလုပ်သင့်လဲ ?


Windows တင်ပြီးရင်အရင်ဆုံး လုပ်ရမှာကတော့ မိမိတို့ Windows က Active ဖြစ်မဖြစ်ကိုကြည့်ဖို့လိုပါလိမ့်
မယ်..တကယ်လို့ မိမိတို့ Windows က Active မဖြစ်သေဘူးဆိုရင် Windows Loder တစ်ခုခုသုံးပြီး Active
လုပ်လိုက်ရင်အဆင်ပြေသွားပါလိမ့်မယ်..

အရင်ဆုံး Windows Active ဖြစ်မဖြစ်ကို သိချင်တယ်ဆိုရင်အောက်မှာဖော်ပြထားတဲ့နည်းလမ်းလေးအတိုင်း
သွားပြီးကြည့်လိုက်ပါ..အရင်ဆုံး My Computer မှာ Right Click ထောက်လိုက်ပါ..ပြီးရင်  Properties ကိုသွား
လိုက်ပါ..ပြီးရင် Windows activation မှာကြည့်လိုက်ပါ..You must active today.Active windows now လို့ ပြနေ
ရင် Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..ကျွန်တော်အောက်မှာ Windows Active လုပ်ဖို့အတွက်
Windows Loader တွေတင်ပေးထားပါတယ်..မိမိတို့တင်ထားတဲ့ Windows က Active ဖြစ်ပြီးသားဆိုရင်တော့
Active လုပ်ပေးစရာမလိုပါဘူး..


အောက်ကပုံအတိုင်းပြနေပြီဆိုရင်တော့ Windows ကို Active လုပ်ပေးဖို့လိုပါလိမ့်မယ်..

အောက်ကပုံကတော့ Windows Active ဖြစ်နေတာကိုပြနေတာပါ



Windows  Loader  ကိုတော့အောက်ကလင့်မှာတင်ပေးထားပါတယ်..


ဒီလင့်လေးကနေသွားပြီးဒေါင်းလော့ချလိုက်ပါ..


Windows  Backup လုပ်ခြင်း

ကျွန်တော်တို့  Windows ကို  Active လုပ်ပေးပြီးသွားလို့ လိုအပ်တဲ့  Application တွေကိုတင်ပြီးပြီဆိုရင်တော့
နောက်ထပ်လုပ်ထားသင့်တာတစ်ခုကတော့  Windows  Back Up  ပဲဖြစ်ပါတယ်..ကျွန်တော်တို့အသုံးပြုနေ
တဲ့  Windows  ဟာဘယ်အချိန်မှာဘာဖြစ်မယ်ဆိုတာ မသိနိုင်ပါဘူး..ကျွန်တော်တို့အနေနဲ့လက်ရှိအသုံးပြု
နေတဲ့  Windows  ကို  Backup လုပ်ထားခြင်းအားဖြင့် တစ်ချိန်ချိန်မှာ ကျွန်တော်တို့အသုံးပြုနေတဲ့ Windows
ဟာတစ်စုံတစ်ခု ဖြစ်လာပြီဆိုတာနဲ့အလွယ်တကူ Backup File ကို Restore ပြန်လုပ်ပေးလိုက်ယုံနဲ့ Error
တွေကို အလွယ်တကူဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်..

Windows ကိုဘယ်လို  Backup လုပ်ရမယ်ဆိုတာကိုတော့ကျွန်တော်အောက်ကလင့်လေးမှာ ရှင်းပြပေးထား

ပါတယ်..





Sound Problem



ဒါကတော့  Windows တင်ပြီးပြီဆိုရင်တော့ တော်တော်များများကြုံရတက်တဲ့ ပြသနာပါ..Windows တင်ပြီး

ရင် အသံမလာဘူးမလာဘူးဆိုပြီး ကြုံကြုံနေရတာတွေပါ.. ကျွန်တော် Windows 7 မှာအသံမလာဘူးဆိုရင်

ဆိုပြီးပို့စ်တစ်ခု တင်ပေးခဲ့ဘူးပါတယ်..အခက်အခဲရှိသူများအောက်ကလင့်ကနေသွားကြည့်လိုက်ပါ..





Windows 7 အသုံးပြုနည်း

ဒါကတော့ Bonus ပါ .. Windows 7 တင်ပြီးလို့ မသုံးတက်သေးဖူးဆိုရင်အောက်ကလင့်မှာ ဆရာအောင်လင်း

ရေးထားတဲ့ Windows 7 အသုံးပြုနည်းစာအုပ်လေးပါအောက်မှာတင်ပေးထားပါတယ်.. 




 ကျွန်တော်တို့ဒီလောက် ဆိုရင်တော့ Windows တစ်ခုကို မိမိတို့ကိုယ်တိုင်တင်ဖို့အတွက် အဆင်ပြေသွား

လောက်ပြီလို့ ထင်ပါတယ်..ကိုယ်တိုင်ကြိုးစားကြည့်ကြပါ..အခုအချိန်မှာ Windows တစ်ခုတင်ရင်အနည်း

ဆုံး ၅၀၀၀ ၊ ၁၀၀၀၀ လောက်ပေးနေရတဲ့အချိန်မှာ မိမိက Windows တင်တက်သွားမယ်ဆိုရင် မိမိတို့

သာမဟုတ်ပဲ မိမိတိုပါတ်ဝန်းကျင်မှာ ရှိတဲ့ သူငယ်ချင်းတွေပါ ၅၀၀၀ ၊ ၁၀၀၀၀ လောက်တော့သက်သာ

သွားလိမ့်မယ်လို့ထင်ပါတယ်..


ဒီပို့စ် ကို  PDF  နဲ့လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းလော့ချသွားလိုက်ပါ..

Download  From zSHARE

Download  From  Mediafire

Download   From  Megaupload

အားလုံးပဲအဆင်ပြေကြပါစေ....ကျေးဇူးတင်ပါတယ်ခင်ဗျာ..

62 comments:

  1. အခုလို နည်းပညာများ မျှဝေပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်

    ReplyDelete
  2. တကယ်ကို အသုံးဝင်တဲ့ ဆိုဒ်တစ်ခုပဲ အများကြီးကျေးဇူးတင်ပါတယ် နောက်လဲ အသစ်သစ်တွေကို တင်ပေးနိုင်ပါစေ ဒီထက်အောင်မြင်တဲ့ ဆိုဒ်တစ်ခုဖြစ်ပါစေ လိုအပ်တဲ့လူတွေအတွက် တကယ့်ကို အသုံးဝင်စေပေမဲ့ မလိုအပ်တဲ့လူတွေအတွက်လဲ ဗဟုသုတ တိုးပွားစေလို့ ဆန္ဒပြု လျှက် ..ပါ ကျေးဇူးကမ္ဘာပါ ခင်ဗျား..

    ReplyDelete
  3. အကိုရေ ကျေးဇူးပဲနော်... နည်းပညာတွေကို အခုလို ပြန်လည်မျှဝေပေးတဲ့ အတွက်ပေါ့...
    အစစ အရာရာ အတွက် ကျေးဇူးပါ

    ReplyDelete
  4. Comment ရေးခဲ ပေမဲ့
    တကယ် ကျေးဇူး ပါ

    ReplyDelete
  5. ကျေးဇူးအထူးတင်ပါတယ် အကို။

    ReplyDelete
  6. ohhhhhhhhh now I find this post. So thanks.

    ReplyDelete
  7. ကျေးဇူးတင်ပါတယ်အစ်ကို ၊ အခုလိုရှင်းရှင်းလင်းလင်းတင်ပြပေးတဲ့အတွက်ကျေးဇူးပါ။

    ReplyDelete
  8. ကွန်ပျူတာကို ဘာအခြေခံ နကန်းတစ်လုံးမှ နားမလည်ခဲ့တဲ့ ကျွန်တော် အစ်ကိုတို့ရဲ့ ကျေးဇူးကြောင့် ၀င်းဒိုးကို
    အဆင်ပြေပြေနဲ့တင်တတ်သွားပါပြီဗျာ..လိုအပ်ချက်လေးတွေတော့ ရှိနေပါသေးတယ်..ကျေးဇူးတက်ချက် ကတော့
    ကန်းကုန်ပဲဗျာ..

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်
    ဖတ်လဲဖတ်သွားတယ်
    မှတ်လဲမှတ်သွားပါတယ်

    ReplyDelete
  10. thank ဆိုတဲ့စကားတစ်ခွန်းနဲ့တင် မလုံလောက်ဘူးလို့
    ထင်မိပါတယ်. တကယ်ကိုပညာရပါတယ်.. တင်ပေးထားတာ
    တွေက တကယ့်ကို စေတနာပါပါ အသေးစိတ်တင်ပေးထားတာကို
    တွေ့ရတဲ့အတွက် အားလုံးကိုယ်စား ၀မ်းသာမိကျေးဇူးတင်မိပါတယ်.
    ကျနော်လည်းနောက်တော့ ပျက်နေတဲ့ ကျနော့်ကွန်ပျူတာပြင်ရဦးမာပါ..
    mmit ကိုဖတ်ရင်နဲ့ သိခွင့်ရခဲ့တာပါ.. အခွင့်အရေးရှိမယ်ဆိုရင်/
    ရင်းနှီးခွင့် ခင်မင်ခွင့်ရှိချင်ပါတယ်... ကိုမင်း.. komin2009@gmail.com

    ReplyDelete
  11. ကိုယ်.ကိုကိုယ်အပြစ်တင်မိတဲ့အထိအောင်ပါဘဲသူငယ်ချင်း....ရောက်တာနောက်ကျလို့လေ.ကျေးဇူးတင်ကြောင်းအများကြီးရေးချင်ပါတယ်...ဆက်လက်လေ.လာရှာဖွေဘို့အတွက်အချိန်မရတော့လို့ပါ...ကျေးဇူးအများကြီးတင်ပါတယ်...နေ.တိုင်းလာခဲ.ပါ့မယ်....

    ReplyDelete
  12. ကိုနေမင်းမောင်ရေ....ဒီးပိဒ်ကလေးကို.ကူးယူးသိမ်းထာပါရစေး...

    ReplyDelete
  13. Thank...ကျေးဇူးအထူးတင်လျက်ပါ....

    ReplyDelete
  14. ဆိုင်မှာလက်တော့ဝယ်ရင်းးပါလာတဲ့အခွေနဲ့ ရော.....
    တင်လို့ ရလား

    ReplyDelete
  15. ကျေးဇူးအရမ်းတင်တယ် အရမ်းလဲခင်သွားပြီး --ကိုယ်နေမင်းမောင် ဒီထက်မကမျှဝေနိုင်ပါစေ

    ReplyDelete
  16. ဒီpage ကို save လုပ်တာ save လို့မ၇လို့ပါ ဘာကြောင့်ပါလဲ .....ကျေးဇူးတင်ပါတယ် ...

    ReplyDelete
  17. ဒီpage ကို save လုပ်တာ save လို့မ၇လို့ပါ ဘာကြောင့်ပါလဲ .....ကျေးဇူးတင်ပါတယ် ...

    ReplyDelete
  18. ဒီpage ကို save လုပ်တာ save လို့မ၇လို့ပါ ဘာကြောင့်ပါလဲ .....ကျေးဇူးတင်ပါတယ် ...

    ReplyDelete
  19. ME TOO!,bro.Plz help.

    ReplyDelete
  20. thank ko nay min maung very very thank ko nay.

    ReplyDelete
  21. Thank you very much for your post.

    ReplyDelete
  22. အခုလိုလေ့လာခွင့်ရတဲ့အတွတ် အထူး ပဲကျေးဇူးတင်ပါတယ်ခင်ဗျား

    ReplyDelete
  23. ကျေးဇးတင်ပါတယ်အကိုရေ ကြိုးစားကြည်လို့က်ပါမယ်ပြီးရင်လေ windows xp မှာရော ဒီနည်းအတိုင်းတင်လို့ရမလား

    ReplyDelete
  24. အရမ်းကိုကျေးဇူးတင်ပါတယ်အကို

    ReplyDelete
  25. အ၇မ်းကျေးဇူးတင်ပါတယ်ဗျာ
    အ၇မ်းလေးစား၇ပါတယ်
    Soe

    ReplyDelete
  26. အခုလို နည်းပညာတွေမျှဝေပေးတဲ့ အတွက် ကိုနေမင်းမောင် ကို ကျေးဇူးတင်ပါတယ်....

    ReplyDelete
  27. Thank you for your post.

    ReplyDelete
  28. ကျေးဇူးအများကြီးတင်ပါတယ်အကို.. Windows ကိုယ်တိုင်တင်ဖို့ဆီုတာတခါမှမတွေးဖူးပါဘူး အခုတော့အကို့ရဲ့ကျေးဇူးကြောင့်ကိုယ်တိုင်တင်လို့တတ်သွားပြီး အကိုနေမင်းမောင်ကိုကျေးဇူးတင်ရင်း အကို့ရဲ့နည်းဗညာတွေကိုအမြဲတမ်းလေ့လာသင်ယူပါရစေ.....

    ReplyDelete
  29. ကျေးဇူအများကြီးတင်ပါတယ်နော် windows ၂ ခုတင်ချင်တယ်ဆိုရင်တင်လို့ရမယ့်နည်းလမ်းလေးလဲလိုချင်ပါသေးတယ်ကိုနေမင်းမောင်

    ReplyDelete
  30. ကျေးဇုး အရမ်းတင်တယ်ဗျာ....
    ကျနော်အတွက်တော. အကိုဆိုဒ်က
    အသိပညာတွေပေးနေတာပါ..
    အရမ်းလဲလေးစားတယ်.....

    ReplyDelete
  31. thanks a lot sir.

    ReplyDelete
  32. အကိုရေတင်ပေးတာကိုကျေးဇူးတင်ပါတယ်တစ်ကယ်လည်းတန်ဖိုးရှိပါတယ်ဗျာ အကိုရေ ကျွန်တော်အကူအညီတစ်ခုလောက်ထပ်တောင်းပါရစေဗျာ ကျွန်တော်VZO 7 ကိုမသုံးတတ်ဖူးဗျ အဲ့ဒါအရင်ဗားရှင်းလေးရှိရင်တင်ပေးစေချင်တယ်ဗျာ ကျေးဇူးပြုပြီး တင်ပေးပါအုံးဗျာ

    ReplyDelete
  33. ကိုသူရJune 26, 2012 at 8:27 PM

    ကျေးဇူးရှင်ကြီးရေ

    ReplyDelete
  34. အကိုရေ..အခုကျနော်သုံးနေတာက windows xp ပါ...windows 7 ကိုပြောင်း
    တင်မယ်ဆိုရင်ကော ပြောင်းတင်လို့ရပါသလား..ရတယ်ဆိုရင် ဒီနေရာ
    Upgrade နဲ့ Custom ဆိုတဲ့နေရာမှာ ဘယ်ဟာကို ရွေးပေးရမလည်းခင်ဗျာ

    ReplyDelete
  35. အကိုရေ အခုကျနော်သုံးနေတာက ၀င်းဒိုး xp ပါ.. အဲဒါ ၀င်းဒိုး7 ပြောင်းတင်မယ်ဆိုရင်
    တင်လို့ရပါသလား..ရတယ်ဆိုရင် ဒီနေရာမှာ Upgrade နဲ့ Custom ဆိုတဲ့နေရာမှာ
    ဘယ်ဟာကို ရွေးပေးရမလည်း ခင်ဗျာ...

    ReplyDelete
  36. ကိုနေမင်းမောင်ရေ ကျေးဇုးပါဗျာ ကျနော်တော.ကုးထားလိုက်တယ်....

    ReplyDelete
  37. ကျေးဇူးတင်ပါ ကိုနေမင်းမောင်
    အစ်ကိုကျွန်တော့် ကွန်ပြူတာမှာ ဝင်းဒိုးတင်တာ အိုကေတယ်အရင်က
    အခုအစ်ကို ဝင်းဒိုးတင်လိုက်တာ အစ်ကိုဘယ်လိုမှတင်လို့မရဘူးဖြစ်နေတယ်..
    copying windows file
    expanding windows files
    installing features
    installing updates
    completing installion
    အစ်ကို အဲဒီ copying windows file ကောပီးမကူးဘူးဖြစ်နေတယ် ဝင်းဒိုးတင်တိုင်းတင်တိုင်း ကောပီးမကူး ပဲနဲ့ကျော်သွားတယ် နောက်ပြီးရင် error တတ်လာတယ်..
    ဘယ်လိုမှတင်လို့မရဘူး နည်းလမ်းလေးရှိရင်ကူးညီးပေးပါအုံး ကိုနေမင်းမောင် အားကိုးပါတယ်..

    ReplyDelete
  38. partation kwe' nee ko ta chat laut shin pya par

    ReplyDelete
  39. တကယ် ကို ကျေးဇူးတင် ပါတယ် ကို နေမင်းမောင် ... လူအများကို နည်းပညာတွေ မျှဝေတဲ့ အတွက် ခင်ဗျား ကိုယ်တိုင်လည်း ခင်ဗျားမသိသေးတဲ့ နည်းပညာတွေ လွယ်လွယ် ကူကူနဲ့ သိရှိခွင့် ရပါစေလို့ ဆုမွန်ကောင်း တောင်ပေးလိုက်ပါတယ် ကို နေမင်းမောင် ...
    ကျေးဇူးတင်စွာဖြင့်
    myomin767@gmail.com

    ReplyDelete
  40. ဒေါင်းလုပ်လုပ်သွားတယ်..ကိုနေရေ..ဒီထက်ပိုပြီးပညာပါရမီဖြည့်နိုင်ပါစေ။

    ReplyDelete
  41. ကျေးဇူးအရမ်းတင်ပါတယ်ပျက်ရင်လုပ်ကြည့်မယ်

    ReplyDelete
  42. 100 thank bro ကျေးဇူးကမ္ဘာ

    ReplyDelete
  43. 100 thank bro ကျေးဇူးကမ္ဘာ

    ReplyDelete
  44. ကျေးဇူးတင်ပါတယ်ဗျာ...ညကမှwindowသေသွားတာ...ပြီးရင်တင်လိုက်မယ်

    ReplyDelete
  45. ကျေးဇူးတင်ပါတယ်ဗျာ...ညကမှwindowသေသွားတာ...ပြီးရင်တင်လိုက်မယ်

    ReplyDelete
  46. ကျေးဇူးတင်ပါတယ်ဗျာ...ညကမှwindowသေသွားတာ...ပြီးရင်တင်လိုက်မယ်

    ReplyDelete
  47. ကျေးဇူးတင်ပါတယ်ဗျာ...ညကမှwindowသေသွားတာ...ပြီးရင်တင်လိုက်မယ်

    ReplyDelete
  48. ဝင်းဒိုးတင်ပြီးwirrlessနဲ့သုံးလို့မရဘူးစာလုံးတွေအကြီးကြီးဖြစ်နေတယ်ကူညီပါဥိးကိုနေမင်း

    ReplyDelete
  49. ဒီလောက် သေသေချာချာပြထားတာကို တစ်လွဲတွေလိုက်လုပ်မိလို့ တော်တော်တိုင်ပတ်သွားပါတယ်အကိုရာ။ ကျေးဇူးတင်ပါတယ် ညီလေးစက် တစ်ခုခုဖြစ်တာနဲ့ အကိုဆီမှာ အမြဲ လာကြည့်ဖြစ်တယ် ဒီတိုင်းလည်း လာကြည့်ဖြစ်တယ် ကျေးဇူးအရမ်းတင်ပါတယ်။

    ReplyDelete
  50. ကျွန်တော်က window 7 တင်ဖို့ လိုက်ရှာတာ ကိုနေမင်းမောင် ဆီမှာ လာတွေ့တယ်။ တင်တော့ မတင်ရသေးဘူး။ သိပ်ကို ကျေးဇူးတင်ပါတယ် အစ်ကို ။ အစ်ကိုလည်း ဒီလို ပညာဒါန လုပ်ပေးတဲ့အတွက် အစ်ကို့ ရည်မှန်းချက်တွေ ဘဝ
    မှာ တစ်ခမ်းတနား လှပပြည့်စုံပါစေလို့ ရင်ထဲက စေတနာ အမှန်နဲ့ ဆုတောင်းပေးပါတယ်။

    ReplyDelete
  51. ကျေးဇူးအရမ်းတင်ပါတယ်။ဒါကိုမသိခင်တုန်းကဆိုဆိုင်ဘဲသွားနေရတာ။ခုလိုသိရတော့ကျေးဇူးအရမ်းတင်မိပါတယ်။သူငယ်ချင်းတွေကိုလည်းကူညီလို့အဆင်ပြေသွားတာပေါ့။ဒီဆိုက်ဒီထက်မကအောင်မြင်ပါစေ

    ReplyDelete
  52. ကျေးဇူးပါ ဒေါင်းသွားပါတယ် အဝေးကနေဆိုတော့ အဲဒီတစ်ခွန်းပဲပြောတတ်တယ် ကိုနေမင်းမောင်ကျမ်းမာပါစေဗျာ

    ReplyDelete
  53. ဝင်းဒိုးတင်ဖို့ ဒါကို အမြဲအားကိုးနေရပါတယ်။ ကိုနေမင်း အသက်ရှည်ပါစေ။

    ReplyDelete
  54. So many post is interesting and get IT knowledge for me. Thanks for sharing knowledge. May i apologize, don't get me wrong " Every Download Link is gone " So ... You should the best sever to store your app and software E book. Thanks..

    ReplyDelete
  55. ကျေးဇူးပါပဲဗျာ ကျွန်တော် အသိချင်ဆုံးသော နည်းပညာလေးပါ ဒီဝင်းဒိုးတင်နည်းလေးကို စာအုပ်ထုတ်ပေးပါလား စာအုပ်နဲ့ဆိုတော့အဆင်ပြေတာပေါ့ ဒီအတိုင်းလေးပဲရေးနော် ပုံနင့်တကွပေါ့

    ReplyDelete
  56. ကျေးဇူးပါပဲဗျာ ကျွန်တော် အသိချင်ဆုံးသော နည်းပညာလေးပါ ဒီဝင်းဒိုးတင်နည်းလေးကို စာအုပ်ထုတ်ပေးပါလား စာအုပ်နဲ့ဆိုတော့အဆင်ပြေတာပေါ့ ဒီအတိုင်းလေးပဲရေးနော် ပုံနင့်တကွပေါ့

    ReplyDelete
  57. ကျေးဇူးပါပဲဗျာ ကျွန်တော် အသိချင်ဆုံးသော နည်းပညာလေးပါ ဒီဝင်းဒိုးတင်နည်းလေးကို စာအုပ်ထုတ်ပေးပါလား စာအုပ်နဲ့ဆိုတော့အဆင်ပြေတာပေါ့ ဒီအတိုင်းလေးပဲရေးနော် ပုံနင့်တကွပေါ့

    ReplyDelete



အားလုံးပဲ အဆင်ပြေကျန်းမာ ပျော်ရွှင်နိုင်ကြပါစေ ။ ခင်မင်လေးစားစွာဖြင့် .. နေမင်းမောင်